Latest updates from Department of Medical Research
Follow DMR news, announcements, workshops, research meetings, and public health activities.
Highlighted Updates
Event
(၂၀)ကြိမ်မြောက်မိသားစုဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပခြင်း
ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်)တွင် (၂၀)ကြိမ်မြောက်မိသားစုဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၀)ရက် (သောကြာနေ့) နံနက် (၁၀:၀၀)နာရီတွင် ဗဟိုဇီဝဆေးပညာစာကြည့်တိုက် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Event
Research Methodology သင်တန်းဖွင့်လှစ်ခြင်း
ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာအေးအေးခင်သည် ယနေ့နံနက်ပိုင်းတွင် BSc (Sports)၊တတိယနှစ်(ဂုဏ်ထူးတန်း)ကျောင်းသား/သူများအတွက် ဖွင့်လှစ်သည့် Research Methodology သင်တန်း၌ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
Event
သုတေသနနည်းပညာ (Research Methodology Workshop-1) သင်တန်းဖွင့်လှစ်ခြင်း
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု ဖြင့် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)ရှိ သုတေသန လေ့ကျင်ရေးစင်တာ (Research Training Centre) တွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည့် သုတေသ နနည်းပညာ (Research Methodology Workshop-1) သင်တန်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအေးအေးခင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
Announcement
Tender Announcement
၂၀၂၆-၂၀၂၇ ဘဏာရေးနှစ် ပြင်ပဝယ်ယူမည့် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) နှင့် (ပြင်ဦးလွင်ရုံးခွဲ)၏ အောက်ဖော်ပြပါ ရုံးသုံးစက်ပစ္စည်းများနှင့် ရုံးသုံးပရိဘောဂပစ္စည်းများအတွက် ကုမ္ပဏီများထံမှ မြန်မာကျပ်ငွေဖြင့် စျေးနှုန်းတင်သွင်းလွှာများအား ဆေးသုတေသနဦးစီးဌာန၊ အမှတ် (၅)၊ ဇီဝကလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ ရုံးချိန်အတွင်း တင်သွင်းနိုင်ပါရန် နှင့် (၆-၇-၂၀၂၆)(တနင်္လာနေ့)(မွန်းလွဲ ၄:၀၀ နာရီ) နောက်ဆုံးထား ပေးသွင်းပါရန် ကြေညာအပ်ပါသည်။
Announcement
Tender Announcement
၂၀၂၆-၂၀၂၇ ဘဏရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဝယ်ယူသမည့် သုတေသနဓာတ်ခွဲခန်းသုံးစက်နှင့် စက်ပစ္စည်းများ၊ ရုံးသုံးစက်ပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာပစ္စည်းများနှင့် ရုံသုံးပရိဘောဂကပစ္စည်းများ အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီစာရင်းအား ထုတ်ပြန်ကြေညာခြင်း
Event
ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေးပညာတတိယနှစ်(၁/၂၀၂၀၆)သင်တန်းမှ ကျောင်းသား/သူများ Elective Program အနေဖြင့် ဆေးသုတေသနဦးစီးဌာနသို့ လာရောက်လေ့လာခြင်း
ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအေးအေးခင်သည် ၂၀၂၆ ခုနှစ်၊ ဇွန် လ ၁၅ ရက်နေ့တွင် ဆေးသုတေသနဦးစီးဌာန၊ AMRC အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေးပညာ တတိယနှစ်(၁/၂၀၂၆)သင်တန်းမှ ကျောင်းသား/သူများ Elective Program အနေဖြင့် ဆေးသုတေသနဦးစီးဌာနသို့ လာရောက်ခြင်းအတွက် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ ပါသည်။
Event
သုတေသန နည်းပညာ (Research Methodology) သင်တန်းဖွင့်လှစ်ခြင်း
ဆေးဘက်ဆိုင်ရာနည်းပညာ တက္ကသိုလ်(ရန်ကုန်)၊ စတုတ္ထနှစ် ကျန်းမာရေးသတင်း အချက်အလက်နည်းပညာသင်တန်း (၁/၂၀၂၆) သင်တန်းမှ ကျောင်းသား/သူ (၁၀) ဦးသည် သင်ရိုးညွှန်းတမ်းလိုအပ်ချက်အရ သုတေသနနည်းပညာဆိုင်ရာ ပညာရပ် (Research Methodology) သင်တန်းကို ဆေးသုတေသန ဦးစီးဌာန (ရုံးချုပ်) တွင် (၂၇၊၄၊၂၀၂၆) ရက်မှ စတင်၍ ရက်သတ္တပတ် (၂)ပတ်ကြာတက်ရောက်သင်ကြားလျက်ရှိပါသည်။
News
Tender Announcement
၂၀၂၅-၂၀၂၆ခုဘဏ္ဍာရေးနှစ်တွင် သာမန်အသုံးစရိတ်ဖြင့် ဝယ်ယူမည့် {သွေးတွင်း အသည်းရောင်အသားဝါဘီပိုး ၏ပဋိပစ္စည်း(Anti-HBs)ကို Vitek Immuno Diagnostic Assay System(VIDAS)ဖြင့် တိုင်းတာရန်လိုအပ်သော Reagentsများ နှင့် ခွေးရူးပြန်ရောဂါ ခုခံအား တိုင်းတာရန် လိုအပ်သော ELISA Test Kits} ပစ္စည်းများ အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီစာရင်းအားထုတ်ပြန်ကြေညာခြင်း