THE REPUBLIC OF THE UNION OF MYANMAR
MINISTRY OF HEALTH
DEPARTMENT OF MEDICAL RESEARCH

News & Events
News Oct 12, 2026 Department of Medical Research

“(၅၅)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ”

ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံများကို ၁၉၆၅ ခုနှစ်မှ စတင် ကျင်းပခဲ့ပြီး ဆေးပညာဆိုင်ရာသုတေသနစာတမ်းများ ဖတ်ကြားခဲ့ကြပါသည်။ ၁၉၇၄ ခုနှစ်အထိ စာတမ်း ဖတ်ပွဲ (၁၀)ကြိမ် ကျင်းပခဲ့ပြီး ဆေးသုတေသနစာတမ်းပေါင်း (၄၀၉)စောင် တင်သွင်း ဖတ်ကြား ခဲ့ပါသည်။ ယင်းနောက်တွင် “မြန်မာနိုင်ငံဆေးသိပ္ပံပညာရပ်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲ” ဟူသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများကို ၁၉၇၉ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၅ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ နှစ်စဉ်ဆက်တိုက် သုံးကြိမ်၊ စုစုပေါင်း ငါးကြိမ် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

          ၁၉၈၈ ခုနှစ်မှ စတင်၍ “မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲ” အမည်ဖြင့်(၁၆)ကြိမ်ပြုလုပ်ခဲ့ပါသည်။ထို့နောက်တွင် ၂၀၀၂ခုနှစ်မှစ၍ “မြန်မာနိုင်ငံကျန်းမာ ရေး ဆိုင်ရာသုတေသနညီလာခံ” အနေဖြင့် ကျင်းပခဲ့ရာ ၂၀၂၆ ခုနှစ်အထိ စာတမ်းဖတ်ပွဲ/ ညီလာခံ စုစုပေါင်း (၅၄)ကြိမ် ဆောင်ရွက်ခဲ့ပြီး၊ ကျန်းမာရေးသုတေသနစာတမ်းပေါင်း (၃၁၃၃) စောင် တင်သွင်းခဲ့ပါသည်။ ၁၉၉၁ ခုနှစ်တွင် သုတေသနပိုစတာပြပွဲ စတင်ပြသပြီး ၂၀၂၆ ခုနှစ်အထိ သုတေသနပိုစတာ (၁၀၀၁)ခု ပြသခဲ့ပါသည်။ ၁၉၉၃ ခုနှစ် သုတေသနစာတမ်း ဖတ်ပွဲမှ စတင်၍ သုတေသနအမျိုးအစားအလိုက် အကောင်းဆုံးစာတမ်းဆုများချီးမြှင့်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ် သုတေသနညီလာခံတွင် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများ (Symposia) စတင်ကျင်းပပြီး ၂၀၁၇ ခုနှစ်မှစ၍ ညီလာခံကို ဆောင်ပုဒ် (Theme) သတ်မှတ်၍ ကျင်းပခဲ့ပါသည်။

(၅၅) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံကို သုတေသန ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးဆိုင်ရာပညာရပ်များတိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း မြင့်မားလာစေရန်နှင့် သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချမည့် သက်ဆိုင်ရာကျန်းမာရေးပညာရှင်များ သိရှိဆွေးနွေးနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပ သွားမည်ဖြစ်ပါသည်။

 “(၅၅) ကြိမ်မြောက်မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ”ကို(၁၈-၁-၂၀၂၇) မှ (၂၂-၁-၂၀၂၇)ထိ ကျင်းပမည်ဖြစ်ပြီး ညီလာခံ၏  Theme မှာ  “Promoting Genenomic Research for better Healthcare – မျိုးရိုး‌ဗီဇသုတေသနမှသည် ပိုမို ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုဆီသို့” ဖြစ်ပါသည်။

ညီလာခံပထမနေ့နံနက်ပိုင်းတွင် ဖွင့်ပွဲအခမ်းအနားကိုကျင်းပပြီး ည‌ပိုင်းတွင် ညီလာခံ ဂုဏ်ပြု ညစာစားပွဲကို  ကျင်းပပါမည်။ သုတေသနညီလာခံ ကျင်းပမည့် (၅)ရက်တာ ကာလအတွင်း  စာတမ်းဖတ်ပွဲ၊ ပိုစတာ ပြသခြင်းနှင့် Symposia များကို ကျင်းပသွားမည် ဖြစ်ပါသည်။ ညီလာခံနောက်ဆုံးရက်ညနေပိုင်းတွင်   အကောင်းဆုံးစာတမ်းနှင့် အကောင်းဆုံး ပိုစတာဆုပေးပွဲကို ကျင်းပသွားမည်ဖြစ်ပါသည်။