THE REPUBLIC OF THE UNION OF MYANMAR
MINISTRY OF HEALTH
DEPARTMENT OF MEDICAL RESEARCH

News & Events
Announcement Jul 23, 2026 Department of Medical Research

ကြေညာချက်

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဝယ်ယူမည့် ရုံးသုံးပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာပစ္စည်းများနှင့် ရုံးသုံးပရိဘောဂ ပစ္စည်းများ အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများစာရင်းအားထုတ်ပြန်ကြေညာခြင်း

ကြေညာချက်

၁။   (၂၂-၇-၂၀၂၆) ရက်နေ့တွင် ကျင်းပခဲ့သော ကျမ်းမာရေးဝန်ကြီးဌာန၊​ ဘဏ္ဍာရေးနှင့် စက်ပစ္စည်းလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဥ် (၁၆/၂၀၂၆) ၏ အတည်ပြုခွင့်ပြုချက်အရ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူမည့် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) နှင့် (ပြင်ဦးလွင်ရုံးခွဲ) ၏ ရုံးသုံးပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာပစ္စည်းများနှင့် ရုံးသုံးပရိဘောဂပစ္စည်းများ အတွက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများ စာရင်းအားပူးတွဲပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

 

၂။   တင်ဒါအောင်မြင်သော ကုမ္ပဏီများသည် ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)သို့ အမြန် လာရောက်ဆက်သွယ်ရန် အကြောင်းကြားလိုက်သည်။ တင်ဒါမအောင်မြင်သော ကုမ္ပဏီများသည် တင်ဒါစပေါ်ငွေများ ပြန်လည် ထုတ်ယူနိုင်ရေးအတွက် ဆေးသုတေသနဦးစီးဌာနသို့ ပြန်လည် တင်ပြလျှောက်ထားရန် အကြောင်းကြားလိုက်သည်။