၂၁-၇-၂၀၂၆ ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် အမှတ်၅၊ ဇီဝကလမ်း၊ ဒဂုံမြို့နယ်ရှိ ဆေးသုတေသန ဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများနှင့် ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ဦးစီးဌာနရုံးဝင်းအတွင်းနှင့် ဝန်ထမ်းအိမ်ယာများတွင် မိုးရာသီတွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများဖြစ်သည့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ဆေးမှုတ်ခြင်း၊ ဝမ်းလျောဝမ်းပျက်ရောဂါကာကွယ်ရန် ကလိုရင်းခပ်ခြင်း၊ ရေသန့် ဆေးပြားများပေးအပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။