THE REPUBLIC OF THE UNION OF MYANMAR
MINISTRY OF HEALTH
DEPARTMENT OF MEDICAL RESEARCH

News & Events
Event Jul 18, 2026 Department of Medical Research

ဆေးသုတေသနဦးစီးဌာန၏ သုတေသနအစီရင်ခံစာများ တင်ပြဖြန့်ဝေခြင်းအခမ်းအနားကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ သုတေသီများနှင့် ဆီးချိုနှင့် ဟော်မုန်းရောဂါအထူးကုဌာနမှ သမားတော်ကြီးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် သုတေသနမှ အချက်အလက်များကို “မြန်မာနိုင်ငံ အတွင်းရရှိနိုင်သော လူအများစားသုံးလေ့ရှိသည့် အစားအစာများ၏ အာဟာရတန်ဖိုးများ” စာအုပ်အဖြစ် ထုတ်ဝေခဲ့ပါသည်။

ဆေးသုတေသနဦးစီးဌာန၏ သုတေသနအစီရင်ခံစာများ တင်ပြဖြန့်ဝေခြင်းအခမ်းအနားကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ သုတေသီများနှင့် ဆီးချိုနှင့် ဟော်မုန်းရောဂါအထူးကုဌာနမှ သမားတော်ကြီးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် သုတေသနမှ အချက်အလက်များကို “မြန်မာနိုင်ငံ အတွင်းရရှိနိုင်သော လူအများစားသုံးလေ့ရှိသည့် အစားအစာများ၏ အာဟာရတန်ဖိုးများ”  စာအုပ်အဖြစ် ထုတ်ဝေခဲ့ပါသည်။

အဆိုပါ ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၏  သုတေသနအစီရင်ခံစာများ ထုတ်ဝေခြင်းကို ဇူလိုင်လ (၁၇) ရက်နေ့၊ နံနက်(၉:၀၀) နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) Meeting Hall ခန်းမ၌ ကျင်းပပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက အမှာစကားပြောကြားသည်။

ထို့နောက် “မြန်မာနိုင်ငံအတွင်းရရှိနိုင်သော လူအများစားသုံးလေ့ရှိသည့် အစားအစာများ၏ အာဟာရတန်ဖိုးများ”စာအုပ်နှင့်ပတ်သက်၍ ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာကြေးမုံထွေးနှင့် “မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆယ်ကျော်သက် ကျောင်းသားများ၏ ကျန်းမာရေးနှင့်ပတ်သက်သော အကြောင်းအရာများကိုလေ့လာခြင်း” သုတေသန အစီရင်ခံစာနှင့်ပတ်သက်၍ တွေ့ရှိချက်များကို ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ပါမောက္ခ ဒေါက်တာ အေးအေးခင် တို့က ရှင်းလင်းတင်ပြကြသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာ အထက်တန်း ကျောင်းများတွင် ပညာသင်ကြားနေသည့် အသက်(၁၃) နှစ်မှ (၁၇) နှစ် အတွင်းရှိ ဆယ်ကျော်သက် ကျောင်းသား ကျောင်းသူများတွင် အဝလွန်ခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါများ ဖြစ်ပွားနိုင်ခြေများ၊ အာဟာရအခြေအနေ၊ ကျန်းမာရေး အပြုအမူများနှင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်ဖြစ်စေသော အချက်အလက်များကို သုတေသနပြု ဆောင်ရွက်ခဲ့ပြီး ရရှိလာသည့် အချက်အလက်များအား အသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ၊ ကျန်းမာရေး အသိပညာမြှင့်တင်ပေးခြင်းများ ဆောင်ရွက်ရာတွင်ထိရောက်စွာ အကျိုးပြုသွားမည်ဖြစ်ကာ ကျန်းမာရေး ဝန်ထမ်းများသာမက နှီးနွယ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ မြန်မာနိုင်ငံဆေးကောင်စီ၊ သူနာပြုနှင့်သားဖွားကောင်စီ၊ မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကြက်ခြေနီ အသင်းတို့မှ ဥက္ကဋ္ဌများ၊ သုတေသနများနှင့်  အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။