THE REPUBLIC OF THE UNION OF MYANMAR
MINISTRY OF HEALTH
DEPARTMENT OF MEDICAL RESEARCH

News & Events
Event Jul 10, 2026 Department of Medical Research

(၂၀)ကြိမ်မြောက်မိသားစုဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပခြင်း

ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်)တွင်       (၂၀)ကြိမ်မြောက်မိသားစုဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၀)ရက် (သောကြာနေ့) နံနက် (၁၀:၀၀)နာရီတွင် ဗဟိုဇီဝဆေးပညာစာကြည့်တိုက် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

(၂၀)ကြိမ်မြောက်မိသားစုဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပခြင်း


ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်)တွင် (၂၀)ကြိမ်မြောက်မိသားစုဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၀)ရက် (သောကြာနေ့) နံနက် (၁၀:၀၀)နာရီတွင် ဗဟိုဇီဝဆေးပညာစာကြည့်တိုက် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဒဂုံမြို့နယ်၊ ဒဂုံပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တမာမကာဘိဝံသဆရာတော်ကြီးအမှူးပြုသော ပင့်သံဃာတော် (၅)ပါးတို့အားပင့်ဖိတ်၍ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ် တရားတော်များ ရွတ်ဖတ်နာယူပူဇော်ခြင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းမိသားစုများမှ ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်နာယူခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ဆောင်ရွက်ခဲ့ကြပါသည်။ ဆရာတော်၊ သံဃာတော်များအား သင်္ကန်းခြင်း(၂)ခြင်း၊ သင်္ကန်း(၁၆)စုံနှင့် နဝကမ္မအလှူငွေ (၈၅၀,၀၀၀)ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။