THE REPUBLIC OF THE UNION OF MYANMAR
MINISTRY OF HEALTH
DEPARTMENT OF MEDICAL RESEARCH

News & Events
Event Jul 07, 2026 Department of Medical Research

Research Methodology သင်တန်းဖွင့်လှစ်ခြင်း

ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာအေးအေးခင်သည် ယနေ့နံနက်ပိုင်းတွင် BSc (Sports)၊တတိယနှစ်(ဂုဏ်ထူးတန်း)ကျောင်းသား/သူများအတွက် ဖွင့်လှစ်သည့် Research Methodology သင်တန်း၌ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်က ယခုသင်တန်းတွင် Research Methodology ဆိုင်ရာ သင်ခန်းစာများကို သင်ကြားမည်ဖြစ်သည့်အတွက် သင်တန်းမှရရှိသော ဗဟုသုတများကို ဘွဲ့လွန်သင်တန်းများတက်ရောက်ရာတွင် လက်တွေ့အသုံးချနိုင်မည်ဖြစ်ကြောင်းကို လမ်းညွှန် ပြောကြားခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ ဇူလိုင် လ ၆ ရက်နေ့မှစတင်၍ (၅)ရက်ကြာဖွင့်လှစ်မည့်အဆိုပါသင်တန်းတွင် ဆေးသုတေသနဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သုတေသီများဖြစ်သည့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများက သင်ကြားပို့ချ ပေးမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်ပညာသင်နှစ်၊ BSc (Sports) တတိယနှစ်(ဂုဏ်ထူးတန်း) ကျောင်းသား/ကျောင်းသူ(၆)ဦးတက်ရောက်ကြပါသည်။