ကျန်းမာရေးဝန်ကြီးဌာနမှကြီးမှူးကျင်းပသော “(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ပဥ္စမနေ့ကို ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်-၅၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)တွင် ကျင်းပခဲ့ပါသည်။
ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏စီစဉ်မှုဖြင့် ဆေးပညာသင်ကြား ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များတွင် ပြောင်းလဲတိုးတက်လာသည့် ဉာဏ်ရည်တုနည်းပညာ အသုံးပြုခြင်းဆိုင်ရာအကြောင်းအရာများကို ကျန်းမာရေးပညာရှင်များ သိရှိနားလည်စေရန် ရည်ရွယ်လျက် “ အနာဂတ်၏ ကျန်းမာရေးပညာရှင်များကို ပုံဖော်ရာတွင် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုခြင်း” “Artificial Intelligence: Shaping the Next Generation of Health Professionals” ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲ ပြုလုပ်ခဲ့ပါသည်။
အဆိုပါနှီးနှောဖလှယ်ပွဲတွင် သဘာပတိများအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ပါမောက္ခဒေါက်တာဖေသက်ခင်နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခဒေါက်တာတင်ထွန်းတို့က ဆောင်ရွက်ခဲ့ကြပါသည်။ ရှေးဦးစွာ သဘာပတိကြီးများက အဖွင့်အမှာစကားပြောကြားရာတွင် ဆေးပညာသင်ကြားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များသည် စဉ်ဆက်မပြတ်ပြောင်းလဲ တိုးတက်လျက်ရှိပါကြောင်း၊ ယနေ့ခေတ်အချိန်အခါတွင် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence)ကို ဆေးပညာသင်ကြားရေး၊ ရောဂါရှာဖွေကုသရေး၊ သုတေသနများဆောင်ရွက်ခြင်းစသည့် ကျန်းမာရေးနှင့်သက်ဆိုင်သည့်ကဏ္ဍများ အားလုံးတွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိလာပါကြောင်း၊ AIကို အသုံးပြုခြင်းဖြင့် ကောင်းကျိုးများစွာရှိသကဲ့သို့ ကျင့်ဝတ်ဆိုင်ရာကိစ္စရပ်များအပါအဝင် စိန်ခေါ်မှုများလည်း ရှိပါကြောင်း၊ မိမိတို့အနေဖြင့် စိန်ခေါ်မှုများကို ကျော်လွှားလျက် ထိရောက်စွာ အသုံးပြုရမည်ဖြစ်ပါကြောင်း၊ အနာဂတ်တွင် AI သည် လူသားနေရာတွင် နေရာယူခြင်းဆိုသည်ထက် AI အသုံးမပြုတတ်သူများနေရာတွင် AI အသုံးပြုတတ်သူများက နေရာယူလာ နိုင်မည်ဖြစ်သည့်အတွက် ကျန်းမာရေးပညာရှင်များအနေဖြင့် ပြောင်းလဲတိုးတက်မှုများကို ခေတ်နှင့်အမီ စဉ်ဆက်မပြတ် လေ့လာကြစေလိုပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဆေးတက္ကသိုလ်-မန္တလေး၊ ဆေးပညာဌာနမှ ပါမောက္ခဒေါက်တာမောင်မောင်ဦးက ဆေးပညာသင်ကြားရေးတွင် ဉာဏ်ရည်တုနည်းပညာ ၏ အရေးပါမှုနှင့် သင်ယူမှုပတ်ဝန်းကျင်တွင် ပြောင်းလဲ အသုံးဝင်မှုများကို “AI in Medical Education: Transforming Learning Environments” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆေးတက္ကသိုလ်-တောင်ကြီး၊ ဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခဒေါက်တာ အောင်ကျော်သူက ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ဉာဏ်ရည်တုနည်းပညာအသုံးပြုခြင်းဆိုင်ရာ ကျင့်ဝတ်နှင့် စိန်ခေါ်မှုများအကြောင်းကို “Ethics and Challenges in AI-Integrated Healthcare” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခဒေါက်တာပပစိုးက ဆေးပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဉာဏ်ရည်တု နည်းပညာ၏ အခန်းကဏ္ဍကို “Roles of AI in Medical Research” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ် (၁)ရန်ကုန်၊ ရောဂါဗေဒဌာနမှ တွဲဖက်ပါမောက္ခ၊ ဒေါက်တာဇင်မျိုးထွန်းက ရောဂါရှာဖွေရေးနှင့် ကုသရေးလုပ်ငန်းစဉ်များတွင် ဉာဏ်ရည်တုနည်းပညာ၏ အသုံးဝင်မှုများ အကြောင်းကို “AI Applications in Clinical Diagnosis and Treatment” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် မေးခွန်းများမေးမြန်းခြင်းနှင့်ပြန်လည်ဖြေကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီး ပညာရပ် ဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသော ပါမောက္ခဆရာကြီး၊ ဆရာမကြီးများနှင့် ပညာရှင်များမှ ရင်းနှီးပွင့်လင်းစွာ မေးခွန်းများမေးမြန်းခြင်း၊ ဆွေးနွေးခြင်း၊ အကြံပြုတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြရာ သဘာပတိကြီးများနှင့် ဟောပြောသူများမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြပြီး နံနက်ပိုင်းအစီအစဉ်များကို ရုတ်သိမ်းခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြုလုပ်သောပညာရပ်ဆိုင်ရာဟောပြောပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Peking University မှ Professor Yinzi Jin မှ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနှင့်ထိုင်းနိုင်ငံများတွင် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုပိုမိုရရှိစေရန် လူထုအခြေပြုကျန်းမာရေးလုပ်သားများ၏အလုပ်တာဝန် ခွဲဝေရွှေ့ပြောင်းခြင်း ဆိုင်ရာ အကောင်အထည်ဖော်မှုနည်းဗျုဟာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Peking University မှ Dr Yikai Feng မှ ဝင်ငွေနည်းပါးခြင်းနှင့် ဝင်ငွေအလယ်အလတ်ရှိသောနိုင်ငံများတွင် လူထု အခြေပြုကျန်းမာရေး လုပ်ငန်းများကိုထောက်ပံ့ပေးရန် အကောင်အထည်ဖော်မှုနည်းဗျူဟာခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံ၊ Bangabandhu Sheikh Mujib Medical University မှ Dr Fatema Shabnam မှ မိခင်ကျန်းမာရေးစောင့်ရှောက်ပေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓါတ်ရောင်ခြည်ဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသားကင်ဆာကုသရေးဌာနမှ အထူးကုဆရာဝန်ကြီး (ကင်ဆာဓါတ် ရောင်ခြည်)၊ ဒေါက်တာကောင်းမြတ်ရွှေမှ လက်ရှိကာလမြန်မာနိုင်ငံတွင် ကင်ဆာဓါတ်ရောင်ခြည်ကုသ ပေးနေမှု အခြေအနေများခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြပါသည်။ ပညာရပ်ဆိုင်ရာ ဟောပြောပွဲတက်ရောက်သော ဆရာကြီး၊ဆရာမကြီးများမှ မေးမြန်းခြင်း၊ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် သဘာပတိများအဖြစ် ဆေးသုတေသနဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခ ဒေါက်တာအေးအေးခင်နှင့် ဆေးတက္ကသိုလ်(၂)၊ကာကွယ်ရေးနှင့်လူမှုဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူး၊ ဒေါက်တာပပစိုးမှ ဆောင်ရွက်ခဲ့ကြပါသည်။
သုတေသနညီလာခံပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအေးအေးခင်က ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့မှ ယနေ့(၂၄)ရက်နေ့အထိ (၅) ရက်တိုင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ သုတေသနညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသော ညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သဘာပတိများ၊ စာတမ်းရှင်များ၊ တက်ရောက် ခဲ့ကြသူများအားလည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားပါသည်။ ညီလာခံနောက်ဆုံးနေ့၏ ညနေပိုင်းတွင် ဆုပေးပွဲအခမ်းအနားကိုကျင်းပခဲ့ရာ ဆေးသုတေသန ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာအေးအေးခင်က ဆုချီးြမှင့်ပွဲအမှာစကားပြောကြား ပါသည်။ ဆက်လက်၍ ဆုရွေးချယ်ရေးအဖွဲ့ဥက္ကဌ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာလှလှဝင်းက ဆုရွေးချယ်ရေးဆိုင်ရာ သုံးသပ်ချက်များနှင့် ဆုရရှိသည့်စာတမ်းများနှင့် ဆုရရှိသည့် ပိုစတာများကို ကြေညာခဲ့ပါသည်။
ညီလာခံနောက်ဆုံးနေ့၏ ညနေပိုင်းတွင် ဆုပေးပွဲအခမ်းအနားကိုကျင်းပခဲ့ရာ ဆေးသုတေသန ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာအေးအေးခင်က ဆုချီး ြမှင့်ပွဲအမှာစကား ပြောကြား ပါသည်။ ဆက်လက်၍ ဆုရွေးချယ်ရေးအဖွဲ့ဥက္ကဌ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာလှလှဝင်းက ဆုရွေးချယ်ရေးဆိုင်ရာ သုံးသပ်ချက်များနှင့် ဆုရရှိသည့်စာတမ်းများနှင့် ဆုရရှိသည့် ပိုစတာများကို ကြေညာခဲ့ပါသည်။
အကောင်းဆုံးအခြေခံသုတေသနစာတမ်းပထမဆုကို မကွေးတိုင်းပြည်သူ့ဆေးရုံကြီး မှ ဒေါက်တာမြတ်မြတ်မိုးနှင့်အဖွဲ့၏ “အိပ်ချ်အိုင်ဗီဗိုင်းရပ်စ်အမျိုးအစား(၁)မျိုးရိုးဗီဇနှင့် ပထမအဆင့် အိပ်ချ် အိုင်ဗီ ကုသဆေးဆေးမတိုးသော အိပ်ချ်အိုင်ဗီဗိုင်းရပ်စ်အမျိုးအစား(၁)ရှိသော ရောဂါသည်များရှိ ဆေးယဉ်ပါး မှုအားလေ့လာခြင်း” သုတေသန စာတမ်းကလည်းကောင်း၊
အကောင်းဆုံးအသုံးချသုတေသနစာတမ်းပထမဆုကို ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာ ဖြူဝင်းအိနှင့်အဖွဲ့၏ “ရန်ကုန်တိုင်းအတွင်းရှိ အိုက်ဆိုနိုက်ယာဇစ် ဆေးယဉ်ပါး တီဘီလူနာများတွင် ပုံမှန်နည်းများဖြင့်ရောဂါရှာဖွေမရနိုင်သော အိုက်ဆိုနိုက်ယာဇစ်နှင့် ရိုင်ဖန်ပီစင်ဆေး နှစ်မျိုးယဉ်ပါးတီဘီများ တွေ့ရှိခြင်း(၂၀၂၃-၂၀၂၄)” သုတေသနစာတမ်းကလည်းကောင်း၊
အကောင်းဆုံးကျန်းမာရေးစနစ်သုတေသနစာတမ်းပထမဆုကို အားကစားနှင့်ကာယပညာဦးစီး ဌာနမှ ဒေါက်တာစိုးမင်းဦးနှင့်အဖွဲ့၏ “မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီးသူများတွင် ကိုယ်လက် ကြံ့ခိုင်မှုအား လေ့လာခြင်း၊ တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့သောတစ်ကြိမ်လေ့လာမှု သုတေသနတွင်တွေ့ရှိ ခဲ့သောကာယကြံ့ခိုင်မှုပျံ့နှံ့မှု” သုတေသနစာတမ်းကလည်းကောင်း ၊
အကောင်းဆုံးပိုစတာပထမဆုကို အားကစားနှင့်ကာယပညာဦးစီးဌာနမှဒေါက်တာစိုးမင်းဦးနှင့် အဖွဲ့၏“ ဆီးချိုရောဂါအကြိုရှိသူများတွင်ပြင်းထန်သောအေရိုးဗစ်လေ့ကျင့်ခန်းသို့မဟုတ် ခွန်အား လေ့ကျင့် ခန်းတို့အနက် နှလုံးနှင့်ဇီဝဖြစ်စဉ်ကျန်းမာရေးကိုပိုမိုကောင်းမွန်စေရန်အတွက် မည်သည့်လေ့ကျင့်ခန်းက ပိုကောင်းသနည်း ” သုတေသနပိုစတာကလည်းကောင်း၊
လူငယ်သုတေသီဆု(အသုံးချသုတေသန)ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာထက်စုလှိုင်နှင့် အဖွဲ့၏“ကိုယ်ဝန်ဆောင်ဆီးချိုလူနာများတွင် ပရိုဘိုင်အိုတစ်ဖြည့်စွက်စာတိုက်ကျွေးခြင်းဖြင့် ကိုယ်ဝန်ဆောင် ဆီးချိုလူနာများ၏ အင်ဆူလင်ခုခံအားမြင့်မားမှုပြောင်းလဲခြင်းအကျိုးသက်ရောက်မှုကိုလေ့လာခြင်း” သုတေသနစာတမ်းကလည်းကောင်း ရရှိခဲ့ကြပါသည်။
ဆက်လက်၍ ဆုရွေးချယ်ရေးအဖွဲ့ဝင်များသည် ဆုရရှိသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနမှကြီးမှူးကျင်းပသော “(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” စတုတ္ထနေ့ကို ယနေ့ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်-၅၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)တွင် ကျင်းပခဲ့ရာ နံနက်ပိုင်းတွင် ပညာရပ်ဆိုင်ရာ ဟောပြောပွဲတစ်ခုကျင်းပပြီး မွန်းလွဲပိုင်းတွင် သုတေသနစာတမ်းရှင်များက သုတေသနစာတမ်းစုစုပေါင်း (၁၀)စောင်ကို ဖတ်ကြားတင်ပြခဲ့ကြပါသည်။
နံနက်ပိုင်းတွင် မြန်မာနိုင်ငံရှိ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်၊ ချီကန်ဂန်းယားဗိုင်းရပ်စ်နှင့် ဇီကာဗိုင်းရပ်စ်များ၏ မျိုးကွဲများပျံ့နှံ့ပုံနှင့် မျိုးရိုးဗီဇပြောင်းလဲပုံတို့နှင့်ပတ်သက်၍လည်းကောင်း၊ အဆိုပါ ဗိုင်းရပ်စ်များကြောင့် လူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကိုယ်ခံအားစနစ်နှင့်ပတ်သက်၍လည်းကောင်း၊ လတ်တလောတွေ့ရှိချက်များကို ကျန်းမာရေးဝန်ထမ်းများနှင့်ပြည်သူလူထုအားမျှဝေပေးရန် ရည်ရွယ်ချက် ဖြင့် “သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေးနှင့် ဇီကာဗိုင်းရပ်စ်ရောဂါများ၏ ဗိုင်းရပ်စ်ပိုးဆိုင်ရာနှင့် သွေးရည်ကြည်ပြောင်းလဲမှုဆိုင်ရာများကို မီးမောင်းထိုးပြခြင်း- Virological and Immunological Highlights of Dengue, Chikungunya and Zika Virus Infections in Myanmar” ပညာရပ် ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပါသည်။ ဂျပန်နိုင်ငံ၊ နာဂါဆာကီတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါက်တာမြမြတ်ငွေထွန်းက “မြန်မာနိုင်ငံနှင့် အခြားသောအာရှနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသော သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်၊ ချီကန်ဂန်းယားဗိုင်းရပ်စ်နှင့် ဇီကာဗိုင်းရပ်စ် ကူးစက်ရောဂါများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဂျပန်နိုင်ငံ၊ နာဂါဆာကီတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ Dr Jean Claude Balingit က “ကူးစက်နိုင်သောအမှုန့်လုံးများကိုအသုံးပြု၍ သွေးလွန်တုပ်ကွေးပဋိပစ္စည်းတုန့်ပြန်မှုကို မြန်မာနိုင်ငံရှိ သွေးလွန်တုတ်ကွေးသွေးနမူနာများတွင်ဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဂျပန်နိုင်ငံ၊ နာဂါဆာကီတက္ကသိုလ်မှ PhD သင်တန်းသူ Kapandji Kasenga Merveille က “(၂၀၁၇) ခုနှစ်မှ (၂၀၁၉) ခုနှစ် အတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိသွေးလွန်တုပ်ကွေး သံသယလူနာများတွင် ချီကန်ဂန်းယားဗိုင်းရပ်စ်များကို မော်လီကျူးနည်းပညာဖြင့်ရှာဖွေ၍ အမျိုးအစားခွဲခြားခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဂျပန်နိုင်ငံ၊ နာဂါဆာကီတက္ကသိုလ်မှ သုတေသနသင်တန်းသူ Maurine Mumo Mutua က “(၂၀၁၇) ခုနှစ်မှ (၂၀၁၉) ခုနှစ်အတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ သွေးလွန်တုပ်ကွေးသံသယလူနာများတွင် ဇီကာဗိုင်းရပ်စ်ဖြစ်ပွားမှု နှုန်းကိုလေ့လာခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကုသရေးဦးစီးဌာနမှ အဏုဇီဝအတိုင်ပင်ခံဆရာဝန် ဒေါက်တာခင်မြနွယ်က “ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိသွေးလွန်တုပ်ကွေးလူနာများ၏ ရောဂါဆိုင်ရာ၊ ဗိုင်းရပ်စ် ဗေဒဆိုင်ရာ၊ ကိုယ်ခံအားဆိုင်ရာလက္ခဏာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထင်လင်းက “(၂၀၀၀) ခုနှစ်မှ (၂၀၂၄) ခုနှစ် အတွင်း မြန်မာနိူင်ငံ၊ ရန်ကုန်မြို့ရှိ ဖျားနာသောလူနာများတွင် တွေ့ရှိရသော သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးမျိုးကွဲများနှင့် သွေးလွန်တုပ်ကွေးရောဂါနှင့်အတူ တွဲဖက်တွေ့ရှိခဲ့သောရောဂါများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်ကျော်က “ဆေးသုတေသန ဦးစီးဌာနနှင့်နာဂါဆာကီတက္ကသိုလ်၊ ဂျပန်နိုင်ငံနှင့်မန္တလေးမြို့တို့၌ ၂၀၀၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ခြင်မှတဆင့်ကူးစက်တတ်သော ဗိုင်းရပ်(စ်)ရောဂါများအပေါ်ဆောင်ရွက်ခဲ့သည့် သုတေသနများ၏ ရလဒ်များ” ခေါင်းစဉ်ဖြင့်လည်းကောင်းဆွေးနွေးတင်ပြခဲ့ကြပါသည်။
နံနက်ပိုင်းသဘာပတိအဖြစ် ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာလှိုင်မြတ်သူ က ဆောင်ရွက်ခဲ့ပါသည်။
မွန်းလွဲပိုင်းတွင်တင်သွင်းခဲ့သောသုတေသနစာတမ်းများမှာ-တပ်မတော်ဆေးတက္ကသိုလ်၊ ဆေးပညာ ဌာန၊ ဘွဲ့လွန်သင်တန်းသား ဒေါက်တာကျော်မင်းဇံ က “မြွေပွေးကိုက်လူနာများ၏ ကနဦးဆီးတွင်း အသားဓာတ်ပမာဏနှင့် ကျောက်ကပ်ပျက်စီးမှုဆက်စပ်ခြင်းအားလေ့လာခြင်း" သုတေသနစာတမ်းကို လည်းကောင်း၊ တပ်မတော်ဆေးတက္ကသိုလ်၊ ဆေးပညာဌာန၊ ဘွဲ့လွန်သင်တန်းသား ဒေါက်တာဖြိုးသီဟက “မြွေပွေးကိုက်လူနာများတွင် မြွေဆိပ်ဖြေဆေးထိုးသည့်အချိန်၊ မြွေဆိပ်ဖြေဆေးပမာဏတို့သည် မြွေပွေး ကိုက်ခြင်းကြောင့်ဖြစ်ပေါ်လာသောနောက်ဆက်တွဲဆိုးကျိုးများနှင့်ဆက်စပ်မှုအပေါ်လေ့လာခြင်း” သုတေသန စာတမ်းကိုလည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်သက်မာ က “တောကြီးမြွေဟောက်အဆိပ်တွင်ပါဝင်သောပရိုတင်း၊ ၄င်းအဆိပ်ဂုဏ်သတ္တိများနှင့် မြွေဟောက်အဆိပ် ဖြေဆေးမှ ၄င်းအဆိပ်ကို ခုခံနိုင်သည့်သတ္တိ ရှိမရှိကို လေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်သန်းရီ က “မြွေစိမ်းမြီးခြောက် မြွေဆိပ် ဖြေဆေးကို မြင်းများတွင်စမ်းသပ်ထုတ်လုပ်ခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ တပ်မတော် ဆေးတက္ကသိုလ်၊ အထွေထွေသမားတော် ဒေါက်တာဖြိုးဝေကျော် က “မြွေပွေးအကိုက်ခံရသော လူနာများ၏ အာရုံကြောဆိုင်ရာလက္ခဏာများ” သုတေသနစာတမ်းကိုလည်းကောင်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း၊ အဏုဇီဝဗေဒအတိုင်ပင်ခံဆရာဝန် ဒေါက်တာယဉ်မင်းသွယ် က “ဆဲယ်မိုနဲလားမျိုးစိတ်များ(Salmonella) တွင် plasmid-mediated quinolone ပဋိဇီဝဆေးယဉ်ပါးမှု(PMQR) မျိုးဗီဇများပါဝင်မှုကိုရှာဖွေခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန၊ သုတေသနမှူး၊ ဒေါ်သင်းသင်းဝါ က “ငါးကင်များတွင် Staphylococcus aureus နှင့် ၎င်းမှထုတ်သော Enterotoxigenic Strains အဆိပ်မျိုးကွဲများကို ရှာဖွေခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာလဲ့လဲ့စန်းက “ရန်ကုန်မြို့အတွင်းရှိ ဈေးများတွင်ရောင်းချသော ကြက်သားများတွင် Salmonella ရောဂါပိုးပါဝင်မှုရှိမရှိကိုစမ်းသပ်ခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ နေပြည်တော်၊ ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီး၊ အဏုဇီဝဗေဒဆိုင်ရာအတိုင်ပင်ခံဆရာဝန်ကြီး၊ တွဲဖက်ပါမောက္ခ ဒေါက်တာခိုင်ဝင်းထွန်းက “ဗဟိုအဆင့်ဆေးရုံသုံးခုတွင် တက်ရောက်နေသည့် လူနာများထံမှ Enterobacteriaceae ဘက်တီးရီးယားများတွင် oqxAB Efflux Pump Gene ရှာဖွေတွေ့ရှိချက်” သုတေသနစာတမ်းကိုလည်းကောင်း၊ တပ်မတော်ဆေးတက္ကသိုလ်၊ ဆေးပညာဌာန၊ ဘွဲ့လွန်သင်တန်းသား ဒေါက်တာအောင်ကျော်ဇင် က “တီဘီရောဂါအသစ်ကုသမှုရလဒ်နှင့် သွေးဖြူဥဆဲလ်များ၏ ဆက်နွယ်မှုကို လေ့လာခြင်း” သုတေသနစာတမ်းတို့ဖြစ်ပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေးအကြံပြုခဲ့ကြ ပါသည်။
မွန်းလွဲပိုင်းသဘာပတိများအဖြစ် တပ်မတော်ဆေးတက္ကသိုလ်၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခ ဒေါက်တာခင်ဖြူပြာ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခဒေါက်တာမေပြုံးကျော်၊ တပ်မတော်ဆေးတက္ကသိုလ်၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခဒေါက်တာခိုင်ခိုင်စု၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခဒေါက်တာအေးမာလာဝင်းတို့က ဆောင်ရွက်ခဲ့ကြပါသည်။ စာတမ်းဖတ်ပွဲသို့ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ စာတမ်းရှင်များနှင့် သုတေသီများ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက စာတမ်းရှင်များအား မေးမြန်းဆွေးနွေးအကြံပြုကြပါသည်။
ကျန်းမာရေးဝန်ကြီးဌာနမှကြီးမှူးကျင်းပသော “(၅၃)ကြိမ်မြောက်မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” တတိယနေ့ကို ယနေ့ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်-၅၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)တွင် ကျင်းပခဲ့ရာ နံနက်ပိုင်းတွင် သုတေသန စာတမ်းရှင်များက သုတေသန စာတမ်းစုစုပေါင်း(၁၀)စောင်ကို ဖတ်ကြားတင်ပြခဲ့ကြပါသည်။
တင်သွင်းခဲ့သောသုတေသနစာတမ်းများမှာ- ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ကထိက ဒေါက်တာခင်အေးသင်း က “အူမကြီးကင်ဆာလူနာများ၏ သွေးတွင်းကိုယ်ခံအားဆဲလ်ပုံစံများ ပြောင်းလဲမှု (အူမကြီးကင်ဆာလူနာများ၏ Monocytes တွင် CD4 ဖော်ပြမှုတိုးလာခြင်း)" သုတေသ စာတမ်းကို လည်းကောင်း၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)၊ ကထိက ဒေါက်တာဖြူဥမောင်က “Survivin နှင့် ၎င်း၏ပုံစံကွဲများမျိုးရိုးဗီဇပြောင်းလဲမှုဖြစ်စဉ်ကို ခံတွင်းကင်ဆာရောဂါဝေဒနာရှင်များတွင် လေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၊ သားဖွား/ မီးယပ် အထူးကု ဆရာဝန်ဒေါက်တာဇင်မာဦးက “သွေးတွင်းကယ်လစီယမ်ပမာဏနှင့် မွေးဖွားပြီးသွေးလွန်ခြင်း ဆက်စပ်မှုကို လေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ တပ်မတော်ဆေးတက္ကသိုလ်၊ အထွေထွေသမားတော် ဒေါက်တာဟန်သာထက် က “ကိုဗစ်-၁၉ ရောဂါရှင်များတွင် သွေးဖြူဥအရေအတွက် စုစုပေါင်းနှင့် လင်ဖိုဆိုက် အရေအတွက်ပမာဏပြောင်းလဲမှုများကို လေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ တပ်မတော် ဆေးတက္ကသိုလ်၊ ဆေးပညာဌာန၊ ဘွဲ့လွန်သင်တန်းသူ ဒေါက်တာဖွေးမွန်မျိုးက “ကိုဗစ်-၁၉ လူနာများ၏ သွေးတွင်း Ferritin (ဖယ်ရက်တင်သံဓာတ်) နှင့် LDH (အယ်လ်ဒီအိပ်ခ်ျအင်ဇိုင်း) ပမာဏနှင့် ရောဂါအလား အလာဆက်စပ်ခြင်းကိုလေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဖြူဝင်းအိက “ရန်ကုန်တိုင်းအတွင်းရှိ အိုက်ဆိုနိုက်ယာဇစ် ဆေးယဉ်ပါး တီဘီလူနာများတွင် ပုံမှန်နည်းများဖြင့်ရောဂါရှာဖွေမရနိုင်သော အိုက်ဆိုနိုက်ယာဇစ်နှင့် ရိုင်ဖန်ပီစင်ဆေး နှစ်မျိုးယဉ်ပါးတီဘီများတွေ့ရှိခြင်း(၂၀၂၃-၂၀၂၄)”သုတေသနစာတမ်းကိုလည်းကောင်း၊ ဆေးသုတေသန ဦးစီးဌာန၊ သုတေသနမှူးဒေါ်မိမိထွေးက “ရီဇာဇူရင်မိုက်ခရိုတီတာပလိတ်နည်းပညာကို အသုံးပြု၍ မြန်မာနိုင်ငံမှ တီဘီပိုးပေါက်ပွားနိုင်မှုကို ဟန့်တားနိုင်သော ပရီတိုးမနစ်ဆေး၏ အနိမ့်ဆုံး ပမာဏကို ရှာဖွေခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ တပ်မတော်ဆေးတက္ကသိုလ်၊ အထွေထွေသမားတော် ဒေါက်တာထွန်းနိုင်ဦး က “ကိုဗစ် ၁၉ လူနာများ၏ ရင်ဘက်ဓါတ်မှန်နှင့် လူနာများ၏ လက်တွေ့ရလဒ်များ ဆက်စပ်မှုကိုလေ့လာခြင်း” သုတေသနစာတမ်း ကိုလည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး၊ ဒေါက်တာထင်လင်းက “ညာဘက်ဝမ်းဗိုက်အောက်ပိုင်း ရုတ်တရက်နာသောဝေဒနာဖြင့် ရန်ကုန်မြို့ရှိ ပြည်သူ့ကလေးဆေးရုံကြီးများသို့ တက်ရောက်သောကလေးများ၏ရောဂါလက္ခဏာဆိုင်ရာ၊ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးဆိုင်ရာ နှင့် သွေးဗေဒဆိုင်ရာအခြေအနေများကိုလေ့လာခြင်း” သုတေသန စာတမ်းကိုလည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်ကျော် က “သွေးလွန်တုပ်ကွေးအမြန်စမ်းသပ်ကိရိယာကိုအသုံးပြု၍ သွေးလွန်တုပ်ကွေးသံသယရှိကလေးလူနာများ တွင် ပထမအကြိမ် (သို့မဟုတ်) ဒုတိယအကြိမ် ဖြစ်ပွားမှုကို ခွဲခြားခြင်း” သုတေသနစာတမ်းကို လည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ကြပြီး တက်ရောက်လာသူများကမေးမြန်းဆွေးနွေးအကြံပြု ခဲ့ကြပါသည်။
နံနက်ပိုင်းသဘာပတိများအဖြစ် ဆေးတက္ကသိုလ်(၁)(ရန်ကုန်)၊ ပါမောက္ခချုပ်ဒေါက်တာကျော်ရွှေ၊ ဆေးတက္ကသိုလ် (တောင်ကြီး)၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာလှဝင်းမြင့် ၊ ဆေးတက္ကသိုလ်(၁)(ရန်ကုန်)၊ အဏုဇီဝဗေဒဌာန၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခဒေါက်တာမွန်မွန်၊ ဆေးတက္ကသိုလ်(၁)(ရန်ကုန်)၊ ကလေး ကျန်းမာရေးဌာန၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခဒေါက်တာသဇင်မွန် တို့ကဆောင်ရွက်ခဲ့ကြပါသည်။ စာတမ်း ဖတ်ပွဲသို့ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ သုတေသီများနှင့် စာတမ်းရှင်များ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက စာတမ်းရှင်များအား မေးမြန်းဆွေးနွေးအကြံပြုကြပါသည်။
မွန်းလွဲပိုင်းတွင် လူမှုဘဝနေထိုင်မှုနှင့် အစာအာဟာရစားသောက်မှုပုံစံများ ပြောင်းလဲလာခြင်းနှင့် အတူ မကူးစက်တတ်သောရောဂါများဖြစ်ပွားမှုတိုးတက်များပြားလာသောကြောင့် ယင်းအပြုအမူများကို ဖော်ထုတ်ခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သောလူမှုဘဝတိုးတက်လာစေရန်ရည်ရွယ်၍ ကျန်းမာရေး ပြဿနာဖြစ်စေနိုင်သည့်အချက်အလက်များဖော်ထုတ်ခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော လူမှုဘဝ မြှင့်တင်စေရန်ဆောင်ရွက်ခြင်း - Promoting a Healthy Lifestyle and Addressing Health Risk Behaviors” ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပါသည်။
ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာရဲတင့်လွင်က “အထိုင်လျော့ပါ၊ များများလှုပ်ရှားပါ- လေ့ကျင့်ခန်းသည်ဆေးဖြစ်သည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါက်တာသီတာဝင်းက “မြန်မာနိုင်ငံအတွင်း ဆေးရွက်ကြီးထိန်းချုပ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းညွန့်ဦးက “လိင်မှတဆင့်ကူးစက် တတ်သောရောဂါများနှင့် HIV ရောဂါကို ကာကွယ်ခြင်းဖြင့် ကျန်းမာရေးကိုထိန်းသိမ်းခြင်း” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ်(၂)(ရန်ကုန်)၊ တွဲဖက်ပါမောက္ခ ဒေါက်တာမျိုးကျော်သူက “ကျန်းမာရေး ထိခိုက်စေသောအပြုအမူများကို ဖြေရှင်းနိုင်သော လူနေမှုပုံစံများအား စိတ်ကျန်းမာရှုထောင့်မှတင်ပြခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာကြေးမုံထွေးက “အာဟာရသည် ကလေးဘဝမှ အသက်အရွယ်ကြီးသူများအထိ ကျန်းမာရေးကို မည်ကဲ့သို့ထောက်ပံ့ပေးပြီး အန္တရာယ်ရှိသောအပြုအမူများကိုမည်ကဲ့သို့ကာကွယ်ပေးခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားတင်သွင်း ခဲ့ကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေး အကြံပြုခဲ့ ကြပါသည်။
နှီးနှောဖလှယ်ပွဲ သဘာပတိများအဖြစ် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအေးအေးခင်နှင့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာလှလှဝင်းတို့က ဆောင်ရွက်ခဲ့ကြပါသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော “(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဒုတိယနေ့ကို ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်-၅၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)တွင် ကျင်းပခဲ့ရာ နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းတို့တွင် သုတေသနစာတမ်းရှင်များက သုတေသနစာတမ်းစုစုပေါင်း) ၂၉)စောင်ကို ဖတ်ကြားတင်ပြခဲ့ကြပါသည်။
နံနက်ပိုင်းတွင်တင်သွင်းခဲ့သောသုတေသနစာတမ်းများမှာ- ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာအတိုင်ပင်ခံဆရာဝန်ကြီး ဒေါက်တာမ္မာညွန့်တင်က “အူတီဘီရောဂါအားရောဂါရှာဖွေရေးနည်းလမ်းအမျိုးမျိုးဖြင့်ရှာဖွေခြင်း သုတေသနစာတမ်းကိုလည်းကောင်း၊ ရန်ကုန်သူနာပြုသင်တန်းကျောင်း၊ နည်းပြဒေါ်စင်ဒရဲလားရှီးလိုက “ဆီးအိမ်ကင်ဆာကြောင့် ဆီးအိမ်ကို ဖြတ်ထုတ်ကုသပြီး ဆီးပြွန်နှစ်ခုကို ပေါင်းစပ်၍ အူသိမ်နှင့်ဆက်သွယ်ပြီး ဆီးလမ်းကြောင်းလွှဲထားသော လူနာ၏ခံစားချက်နှင့် အတွေ့အကြုံများကိုလေ့လာဆန်းစစ်ခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ နေပြည်တော်၊ အမှတ်(၂)တပ်မတော်ဆေးရုံကြီး၊ သမားတော်ဒေါက်တာချစ်ကိုကိုက “ကိုဗစ်-၁၉ရောဂါ လူနာ များတွင် နှလုံးကြွက်သားထိခိုက်ခြင်းအားလေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ တပ်မတော ်ဆေးတက္ကသိုလ်၊ ဆေးပညာဌာန၊ ဘွဲ့လွန်သင်တန်းသူ ဒေါက်တာအင်ကြင်းစံက “ကိုဗစ်၁၉ ရောဂါရှင်များတွင် သွေးတွင်းရှိအသားဓာတ်နှင့် ဆီးအဆိပ်တို့ကိုတိုင်းတာခြင်းဖြင့် ကျောက်ကပ်လုပ်ငန်းဆောင်တာများ ပြောင်းလဲမှုကိုလေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ တပ်မတော်ဆေးတက္ကသိုလ်၊ ဆေးပညာဌာန၊ ဘွဲ့လွန်သင်တန်းသား ဒေါက်တာဇေယျာလွင်က “ကိုဗစ်၏နောက်ဆက်တွဲရောဂါများ” သုတေသနစာတမ်းကိုလည်းကောင်း၊ တပ်မတော်ဆေးတက္ကသိုလ်၊ ဆေးပညာဌာန၊ ဘွဲ့လွန် သင်တန်းသား ဒေါက်တာဝင်းကိုကိုလွင်က “ဆီးချိုရောဂါဝေဒနာရှင်များတွင် ကိုဗစ်ရောဂါတွေ့ရှိရသော ရောဂါလက္ခဏာ များနှင့်ရလဒ်များ” သုတေသနစာတမ်းကိုလည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကု ဆရာဝန်(ခွဲစိတ်) ဒေါက်တာဉာဏ်တင့်လွင်က “အမျိုးအစား(၂) ဆီးချိုရောဂါ ရှိသူများအနက် ဆီးချိုထိန်း နိုင်သောလူနာနှင့် ဆီးချိုမထိန်းနိုင်သောလူနာများ၏ သွေးတွင်းသံဓါတ်တမျိူးဖြစ်သော Ferritin ဓါတ်ကို တိုင်းတာလေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင် ၁၀၀၀)၊ အတိုင်ပင်ခံဆရာဝန်ကြီးဒေါက်တာဖူးငုံနေဝင်းက “လည်ပင်းကြီး သိုင်းရွိုက် ဟော်မုန်းထွက်နှုန်း များသော ဂရေ့ဖ်ရောဂါ (Graves’ Disease) ရှိသူများတွင် သမာရိုးကျကုထုံးနည်းလမ်းများအပြင် ဆီလီနီယမ် ဓာတ်ထပ်ပေါင်းပေးခြင်း၏ကုထုံးရလဒ်အားလေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အထူးကုဆရာဝန် (ခွဲစိတ်) ဒေါက်တာထက်စုလှိုင်က “ကိုယ်ဝန်ဆောင်ဆီးချို လူနာ များတွင် ပရိုဘိုင်အိုတစ်ဖြည့်စွက်စာတိုက်ကျွေးခြင်းဖြင့် ကိုယ်ဝန်ဆောင်ဆီးချိုလူနာများ၏ အင်ဆူလင် ခုခံအားမြင့်မားမှုပြောင်းလဲခြင်းအကျိုးသက်ရောက်မှုကို လေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ မကွေးတိုင်း ပြည်သူ့ဆေးရုံကြီး၊ အဏုဇီဝဗေဒဆိုင်ရာအတိုင်ပင်ခံဆရာဝန်ကြီး/တွဲဖက်ပါမောက္ခ ဒေါက်တာ မြတ်မြတ်မိုးက “အိပ်ချ်အိုင်ဗီ ဗိုင်းရပ်စ်အမျိုးအစား(၁)မျိုးရိုးဗီဇနှင့် ပထမအဆင့်အိပ်ချ်အိုင်ဗီ ကုသဆေး ဆေးမတိုးသော အိပ်ချ်အိုင်ဗီဗိုင်းရပ်စ်အမျိုးအစား(၁)ရှိသော ရောဂါသည်များရှိ ဆေးယဉ်ပါးမှုအား လေ့လာခြင်း” သုတေသန စာတမ်းကိုလည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၊ သုတေသနမှူး ဒေါက်တာသန်းမြတ်စိုးက “ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းရှိ ရွေးချယ် ထားသော သွေးလွန်တုတ်ကွေး ဖြစ်ပွားလေ့ရှိသည့်နေရာများတွင် အေးဒီးစ်ခြင်ကျားများ၏ ကိမိလဗေဒ ဆိုင်ရာအညွှန်းကိန်းများကို အကဲဖြတ်လေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါက်တာနှင်းပပခိုင်က “နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ၏ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းအပေါ် တွန့်ဆုတ်ခြင်းအားလေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖွေးဖွေးက “Covid-19 Peritraumatic Distress Index (CPDI) အားအသုံးပြု၍ နည်းပညာကျောင်းသားများအကြား ကိုဗစ်-၁၉ ရောဂါအကျပ်အတည်းကြောင့် ခံစားခဲ့ရသော စိတ်ပိုင်းဆိုင်ရာပြဿနာများအားလေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဇီးကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(အဆင့်-၁) ဦးသိန်းလှိုင် က “မြန်မာနိုင်ငံ၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအားဆောင်ရွက်နေသော ကျန်းမာရေး ဝန်ထမ်းများ၏ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအပေါ်အားသာချက်၊ အားနည်းချက်၊ အအခွင့်အလမ်း၊ စိန်ခေါ်မှုများအားဖော်ထုတ်လေ့လာခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်မိမိလေးက " ရန်ကုန်မြို့ရှိ ဆယ်ကျော်သက်ကျောင်းသားများ၏ အီးစီးကရက်သောက်သုံးခြင်း- အသိပညာဗဟုသုတ၊ ခံယူချက်နှင့် သုံးစွဲနေမှု” သုတေသနစာတမ်းကိုလည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းသော်တာလွင်က “ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဓါတ်ရောင်ခြည်ဆေးကုဌာန တွင် လာရောက်ပြသသည့် လူနာများနှင့် လူနာအကူများ၏ဓါတ်ရောင်ခြည်ဆိုင်ရာအသိပညာနှင့် နားလည်သဘောပေါက်မှုတို့ကို လေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ တပ်မတော်ဆေးတက္ကသိုလ်၊ ဘွဲ့လွန်သင်တန်းသား ဒေါက်တာဖြိုးဇင်အောင်က “နာတာရှည်အဆုတ်ရောဂါများတွင် ကိုဗစ်-၁၉ရောဂါပိုး ဝင်ရောက်ပါက ရောဂါ၏ ပြင်းထန်မှုနှင့်နောက်ဆက်တွဲများအားလေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ပေါင်းတည် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(အဆင့်-၁) ဦးထွန်းဝင်းလတ်က "ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်ရှိစက်ရုံ လုပ်သားများအကြား လုပ်ငန်းခွင်အကြမ်းဖက်မှု တွေ့ကြုံနေရသည့် အခြေအနေအားပိုင်းဖြတ်လေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး)၊ လက်ထောက်ကထိက ဒေါ်ယဉ်ယဉ်ထွေးက “ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့နယ်အတွင်းရှိ မျိုးပွားနိုင်သောအမျိုးသမီးများ၏ သားအိမ်ခေါင်းကင်ဆာဖြစ်စေသောရောဂါပိုးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်သော အသိပညာ၊ ဗဟုသုတများနှင့် ၎င်းတို့၏ ခံယူချက်သဘောထားများကိုလေ့လာဆန်းစစ်ခြင်း” နှင့် “မကွေးမြို့နယ်၊ မကွေးမြို့ရှိ မော်တော်ဆိုင်ကယ် မောင်းနှင်သူများ၏ ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်းအပေါ်လွှမ်းမိုးသည့်အချက်များအား ဖော်ထုတ် လေ့လာခြင်း” သုတေသနစာတမ်းတို့ကို ဖတ်ကြားတင်သွင်းခဲ့ကြပြီးတက်ရောက်လာသူများက မေးမြန်း ဆွေးနွေးအကြံပြုခဲ့ ကြပါသည်။
နံနက်ပိုင်းသဘာပတိများအဖြစ် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာ လှလှဝင်း၊ ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာဇော်မြင့်၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာညိုညိုဝါ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာမိုးဝင့်အောင်၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာပပစိုး၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးများဖြစ်သော ဒေါက်တာဟန်ဝင်း၊ ဒေါက်တာဝင်းပပနိုင်နှင့် ဒေါက်တာမိုးကျော်မြင့်တို့က ဆောင်ရွက်ခဲ့ကြပါသည်။ စာတမ်းဖတ်ပွဲသို့ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ စာတမ်းရှင်များနှင့် သုတေသီများ(၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက စာတမ်းရှင် များအား မေးမြန်းဆွေးနွေးအကြံပြုကြပါသည်။
မွန်းလွဲပိုင်းတွင် တင်သွင်းခဲ့သောသုတေသနစာတမ်းများမှာ- ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(သူနာပြု) ဒေါက်တာလေးလေးမြင့်က “မြန်မာနိုင်ငံရှိ သူနာပြု သင်ကြားရေးဆရာ/ဆရာမများ၏ လုပ်ငန်းခွင်ဆက်လက်နေရန်ရည်ရွယ်ရေး ကြောင်းကျိုးဆက်စပ် နမူနာ ပုံစံတစ်ခုတည်ဆောက်ခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ပြည်သူ့ဆေးရုံကြီး(ထားဝယ်မြို့)၊ သူနာပြုဆရာမကြီး ဒေါ်လဲ့ဇင်မိုးက “သွေးကင်ဆာရောဂါရှိသော ကလေးများအား ပြုစုစောင့်ရှောက်ပေး နေသောမိသားစုဝင်များ၏ ပြုစုခြင်းဆိုင်ရာလိုအပ်ချက်များအပေါ် ကျန်းမာရေးအသိပညာပေးခြင်း အကျိုး သက်ရောက်မှုများကိုလေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ခုတင်၅၀၀အထူးကုဆေးရုံကြီး (ရန်ကုန်)၊ သူနာပြုဆရာမကြီးနော်ထက်မြက်အေး က “ကြွက်သားအားနည်းလူနာများ၏ အတွေ့အကြုံနှင့် ခံစားမှုများကို လေ့လာခြင်း” သုတေသနစာတမ်း ကိုလည်းကောင်း၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (ပုသိမ်မြို့)၊ ကျောင်းအုပ်(သင်ကြား) ဒေါ်ဖြူနှင်းအေးက “ရန်ကုန်ရှိကလေးဆေးရုံကြီးများတွင် မိသားစု ဗဟိုပြုစောင့်ရှောက်မှုအပေါ် ကလေးအထူးပြုသူနာပြုဆရာမများ၏ သဘောထားအမြင်ကိုလေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ရန်ကုန်ကလေးဆေးရုံကြီး၊ သူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့် သင်တန်းကျောင်း (တွဲဖက်တာဝန်)၊ တာဝန်ခံသူနာပြုဆရာမကြီး ဒေါ်သန္တာဆွေ က " ကိုဗစ်ကာလအတွင်း ရန်ကုန်ကလေးဆေးရုံကြီးတွင် တာ၀န်ထမ်းဆောင်ခဲ့ကြသော သူနာပြုဆရာမများ၏ အတွေ့အကြုံများ" သုတေသနစာတမ်း ကိုလည်းကောင်း၊ ဆေးဝါး တက္ကသိုလ်(ရန်ကုန်) ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ချစ် က “မန္တလေးတိုင်းရှိ မြန်မာ့ရိုးရာအချဉ်ဖောက် ထားသော ပဲအနှစ်(ပုန်းရည်ကြီး)၏ အာဟာရတန်ဘိုးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုအား ဆန်းစစ်ခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဆေးသုတေသနဦးစီး ဌာန၊ သုတေသနအရာရှိ ဒေါ်ကြည်ကြည်မြင့် က “ငါးနှင့်အစားအစာ ဘေးကင်းလုံခြုံမှု- ရန်ကုန်မြို့ ဈေးများရှိ လူအများစားသုံးသည့်ငါး (၇) မျိုးတွင် ဖော်မလင်ပါဝင်မှုကို လေ့လာခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန၊ သုတေသနအရာရှိ ဒေါ်အေးအေးမော် က “ရန်ကုန် ပြည့်သူ့ ဆေးရုံကြီးရှိ ရွေးချယ်ထားသော ဆေးကုသဆောင်နှင့်ခွဲစိတ်ကုသဆောင်တို့၏ ပတ်ဝန်းကျင်နှင့် ဆေးရုံသုံးကိရိယာများ တွင်ဘက်တီးရီးယားပိုးပါဝင်မှုကို လေ့လာဆန်းစစ်ခြင်း” သုတေသနစာတမ်းကို လည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်လွင် က “သွေးတွင်း အဆီဓါတ်မြင့်မားခြင်းကိုကျဆင်းစေနိုင်သော အာနိသင်ရှိသည့် ဆေးဖက်ဝင်အပင်အချို့မှ အပင်ပိုင်းဆိုင်ရာ အစွမ်းထက်ဓာတုဒြပ်ပေါင်း (Gallic acid) နှင့် (Quercetin) ကို High Performance Liquid Chromatography (HPLC) စက်နှင့်ရှာဖွေတိုင်းတာခြင်း” သုတေသနစာတမ်းတို့ကို ဖတ်ကြားတင်သွင်း ခဲ့ကြပြီး တက်ရောက်လာ သူများက မေးမြန်းဆွေးနွေးအကြံပြုခဲ့ ကြပါသည်။
မွန်းလွဲပိုင်းသဘာပတိများအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စုစုဒွေး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခ ဒေါက်တာခင်ဇော်၊ သူနာပြုတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာတင်တင်ကျော်၊ ဆေးသုတေသန ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာတင်ဦး တို့က ဆောင်ရွက်ခဲ့ကြပါသည်။ စာတမ်းဖတ်ပွဲသို့ ဘာသာရပ် ဆိုင်ရာပညာရှင်များ၊ စာတမ်းရှင်များနှင့် သုတေသီများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက စာတမ်းရှင်များအား မေးမြန်း ဆွေးနွေးအကြံပြုကြပါသည်။
ကျန်းမာရေးဝန်ကြီးဌာနမှကြီးမှူးကျင်းပသော “(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ပထမနေ့ကို ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်-၅၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)တွင် ကျင်းပခဲ့ရာ နံနက်ပိုင်းတွင် သုတေသန စာတမ်းရှင်များက သုတေသနစာတမ်း(၅)စောင်ကို ဖတ်ကြားတင်ပြခဲ့ကြပါသည်။
တင်သွင်းခဲ့သော သုတေသန စာတမ်းများမှာ- ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြေးမုံထွေး က “ပုံမှန်ကိုယ်အလေးချိန်ရှိသော်လည်း အသက်လတ်ပိုင်း (၄၀-၆၀ နှစ်အတွင်းရှိ) အဆီများနေသောသူများကိုတွေ့ရှိရမှုနှင့် ယင်းတို့နှင့်ဆက်စပ်နေသော နှလုံးသွေးကြောဆိုင်ရာအချက် အလက်များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ပြမြို့နယ်နှစ်မြို့နယ်တွင် လေ့လာခြင်း" သုတေသန စာတမ်းကိုလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါက်တာစိုးမင်းဦးက “မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီးသူများတွင် ကိုယ်လက် ကြံ့ခိုင်မှုအားလေ့လာခြင်း၊ တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့သောတစ်ကြိမ်လေ့လာမှု သုတေသန တွင်တွေ့ရှိခဲ့သောကာယကြံ့ခိုင်မှုပျံ့နှံ့မှု” သုတေသနစာတမ်းကိုလည်းကောင်း၊ အင်းစိန်အထွေထွေရောဂါကု ဆေးရုံကြီး၊ အတိုင်ပင်ခံသမားတော်ဒေါက်တာကျော်စိုးမိုးက “သက်ကြီးရွယ်အိုလူနာများ၏ အာဟာရ အခြေအနေနှင့် အားအင်ချိနဲ့ခြင်းတို့၏ ဆက်စပ်မှုကိုလေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ မြန်မာအဏုဇီဝမျိုးကွဲဆိုင်ရာလေ့လာရေးအဖွဲ့က “ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ သွေးဆိပ်သင့် လူနာများတွင် တွေ့ရှိသည့် ပြင်းထန်သော Escherichia coli မျိုးကွဲများကို ဉာဏ်ရည်တုနည်းပညာသုံးဇီဝသတင်း အချက်အလက်တွက်ချက်နည်းများဖြင့် မျိုးဗီဇတစ်ခုလုံးကိုလေ့လာခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ မြောက်ဥက္ကလာပအထွေထွေရောဂါကုနှင့်သင်ကြားရေးဆေးရုံကြီး အတိုင်ပင်ခံသမားတော် ဒေါက်တာ ရည်မွန်သန့်က “မြောက်ဥက္ကလာပအထွေထွေရောဂါကုနှင့်သင်ကြားရေးဆေးရုံကြီး သွေးကင်ဆာလူနာများ၏ ခန့်မှန်းဆယ်နှစ်တာအသက်ရှင်မှု” သုတေသနစာတမ်းကိုလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ကြပြီး တက်ရောက်လာသူများကမေးမြန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။
နံနက်ပိုင်းသဘာပတိအဖြစ် ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ အေးအေးခင် ကဆောင်ရွက်ခဲ့ပါသည်။ စာတမ်းဖတ်ပွဲသို့ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ သုတေသီများနှင့် စာတမ်းရှင်များ ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက စာတမ်းရှင်များအား မေးမြန်းဆွေးနွေးအကြံပြုကြပါသည်။
မွန်းလွဲ်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ International Tuberculosis Research Centre တို့အကြားဆောင်ရွက်မည့် Letter of Intent ကို ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာအေးအေးခင်နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ International Tuberculosis Research Center, Chairman of the Board, Dr Sundae Song တို့က လက်မှတ် ရေးထိုးခဲ့ကြပါသည်။ ယင်းသည် မြန်မာနိုင်ငံ၏တီဘီတိုက်ဖျက်ရေးလုပ်ငန်းများအတွက် များစွာအထောက် အကူပြုမည်ဖြစ်ပါသည်။
ဆက်လက်၍ “မြန်မာ-ကိုရီးယားပူးတွဲနှီးနှောဖလှယ်ပွဲ (၂၀၂၅)- “ဆေးယဉ်ပါးတီဘီရောဂါ၊ အသည်းရောင်အသားဝါဘီနှင့် ငှက်ဖျားရောဂါတို့ကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့် ရောဂါရှာဖွေရေးနှင့် ကုသရေးနည်းလမ်းသစ်များဆီသို့” - Myanmar-Korea Joint Symposium (2025): New Diagnostic and Therapeutic Initiatives to Tackle MDR-TB, Viral Hepatitis and Malaria” ကို ပြုလုပ်ခဲ့ပါသည်။
နှီးနှောဖလှယ်ပွဲ၏သဘာပတိများအဖြစ် ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာလှိုင်မြတ်သူနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Kangwon National University မှ ပါမောက္ခ Eun Teak Han တို့က ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါနှီးနှောဖလှယ်ပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည်က “မြန်မာနိုင်ငံကူးစက်ရောဂါများထိန်းချုပ်ရေးဆိုင်ရာ အတွေ့အကြုံ များနှင့် ခြုံငုံသုံးသပ်ချက် - Overview and country experiences of communicable diseases control in Myanmar” ကို လည်းကောင်း၊ ကိုးရီးယားသမ္မတနိုင်ငံ၊ Korea Tuberculosis Institute မှ Director Dr. Gyeong Inn Lee က “ဆေးယဉ်ပါးတီဘီနှင့်ပြင်းထန်ဆေးယဉ်ပါးတီဘီ (MDR နှင့် Pre-XDR) တို့ကို မိနစ် ၄၀ အတွင်းတပြိုင်နက်တည်း လျင်မြန်စွာ သိရှိနိုင်သည့်ဓါတ်ခွဲစမ်းသပ်ခြင်း - Rapid simultaneous detection of MDR and pre-XDR in just 40 minutes” ကိုလည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ Pusan National University မှ Prof. Jae Hun Cheong က “မြန်မာနိုင်ငံရှိအသည်းရောင်အသားဝါဘီပိုး၏မျိုးရိုးဗီဇ ပြောင်းလဲမှုဆိုင်ရာမော်လီကျူးဇီဝဗေဒဆိုင်ရာဆက်စပ်မှုနှင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆိုင်ရာတိုးတက်တွေ့ရှိ ချက်များ - Molecular biology relevance of gene variation of hepatitis B virus in Myanmar and anti-viral development” ကိုလည်းကောင်း၊ Kangwon National University မှ Prof. Eun teak Han က ငှက်ဖျားဆေးယဉ်ပါးမှုကိုကျော်လွှားရန် အလားအလာရှိသော “Ubiquitin-Proteasome စနစ်အား အဓိက ထားသည့် နည်းဗျူဟာသစ်- Targeting the Ubiquitin-Proteasome System: A promising strategy to overcome antimalarial drug resistance” ကိုလည်းကောင်း၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဝါဝါအောင်၊ ညွှန်ကြားရေးမှူးဒေါက်တာရီရီကျော်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်တို့က “မြန်မာနိုင်ငံတွင် တီဘီရောဂါ၊ ဗိုင်းရပ်စ်အသည်းရောင်ရောဂါ၊ ငှက်ဖျား ဆေးယဉ်ပါးမှုဆိုင်ရာသုတေသနတွေ့ရှိချက်များ - Updated research findings on TB, viral hepatitis, malaria drug resistance in Myanmar” တို့ကိုလည်းကောင်း ဆွေးနွေးတင်ပြ အသိပညာဖလှယ် ခဲ့ကြပါသည်။ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲသို့တက်ရောက်လာကြသော ဘာသာရပ်ဆိုင်ရာပညာရှင်များနှင့် သုတေသီများမှ ဝိုင်းဝန်းမေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ညီလာခံကို ဇန်နဝါရီလ (၂၄) ရက်နေ့အထိ ကျင်းပမည် ဖြစ်ပါသည်။
“ (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ” ဖွင့်ပွဲ အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန၊ အမှတ်(၅)၊ ဇီဝကလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် ယနေ့နံနက်ပိုင်းကကျင်းပရာ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချူပ်၊ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က Video Message ပေးပို့၍ အဖွင့်အမှာစကားပြောကြား ပါသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်မိန့်ခွန်းပြောကြားရာတွင်-
မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံသည် နှစ်စဉ်ကျင်းပနေသည့် မြန်မာ့ ဆေးပညာလောကအတွက် အစဉ်အလာကြီးမားသည့် ကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံဖြစ်ကြောင်း၊ ညီလာခံသို့ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ပါမောက္ခများ၊ သုတေသီပညာရှင်များ၏ အခြေခံသုတေသန (Basic Research)၊ အသုံးချ သုတေသန (Applied Research)၊ လူမှုရေးနှင့် ကျန်းမာရေးစနစ်သုတေသန(Social Sciences/Health System Research) ဆိုင်ရာသုတေသနစာတမ်းများကို တင်သွင်းဖတ်ကြား ပြသကြမည်ဖြစ်သဖြင့် မျက်မှောက်ခေတ် ပြည်သူလူထု၏ ကျန်းမာရေးပြဿနာများ အတွက်အဖြေရှာနိုင်မည့် အလွန်တန်ဖိုးရှိသောသုတေသနတွေ့ရှိချက်များကို တင်ပြကြမယ်လို့ ယုံကြည်ပါကြောင်း၊
ညီလာခံရက်များအတွင်း ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲများဖြစ်သည့် “မြန်မာ-ကိုရီးယားပူးတွဲ၍ တီဘီရောဂါ၊ အသည်းရောင်အသားဝါရောဂါနှင့် ငှက်ဖျားရောဂါ သုတေသန ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၅) - Myanmar-Korea Joint Symposium (2025)”၊ “ကျန်းမာရေးပြဿနာဖြစ်စေနိုင်သည့် အချက်အလက်များ ဖော်ထုတ်ခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သောလူမှုဘဝမြှင့်တင်စေရန်ဆောင်ရွက်ခြင်း - Promoting a Healthy Lifestyle and Addressing Health Risk Behaviors”၊ “သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေးနှင့် ဇီကာ ဗိုင်းရပ်စ်ရောဂါများ၏ ဗိုင်းရပ်စ်ပိုးဆိုင်ရာနှင့် သွေးရည်ကြည်ပြောင်းလဲမှုဆိုင်ရာများကို မီးမောင်းထိုးပြခြင်း- Virological and Immunological Highlights of Dengue, Chikungunya and Zika Virus Infections in Myanmar” နှင့့် “ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence) ကို ဆေးပညာတွင် အသုံးပြု၍ ကျန်းမာရေးမျိုးဆက်သစ်များကို ပုံဖေမွေးထုတ်နိုင်ရန်ဆောင်ရွက်နေမှု- Artificial Intelligence: Shaping the Next Generation of Health Professionals” နှင့် ပညာရပ်ဆိုင်ရာဟောပြောပွဲတစ်ခုတို့ကို ပြည်တွင်းပြည်ပမှပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများတို့ဖြင့် ကျင်းပသွားမည် ဖြစ်သည်ဟုလည်း ဂုဏ်ယူစွာ သိရှိရကြောင်း၊
ထို့အပြင် ကိုရီးယားနှင့်မြန်မာသုတေသီများ၏ ညီလာခံအကြိုလှုပ်ရှားမှု (Pre-conference activitiy) တွင် တီဘီဆေးအသစ်ယဉ်ပါးမှုဆိုင်ရာ ဓါတ်ခွဲလုပ်ငန်းများ၊ မျိုးဗီဇတစ်ခုလုံးကိုလေ့လာခြင်း (Whole genome sequencing) ဆိုင်ရာ စာတွေ့လက်တွေ့ လုပ်ဆောင်မှုများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြလို့ မြန်မာနိုင်ငံမှသုတေသီများ၊ ဓါတ်ခွဲ ပညာရှင်များ၊ ဓါတ်ခွဲကျွမ်းကျင်များအနေဖြင့် နည်းပညာကျွမ်းကျင်မှုများ တိုးတက်ရရှိမယ် လို့လည်း မျှော်လင့်ပါကြောင်း၊
ဆေးသုတေသနဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ International Tuberculosis Research Centre တို့အကြားဆောင်ရွက်မည့် Letter of Intent ကို ကျန်းမာရေးဝန်ကြီးဌာန ၏ ခွင့်ပြုချက်ဖြင့် ညီလာခံကာလအတွင်း လက်မှတ်ရေးထိုးခြင်းအား လုပ်ဆောင်မည်ဖြစ်၍ မြန်မာနိုင်ငံ၏ တီဘီတိုက်ဖျက်ရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုနိုင်မှာ ဖြစ်လို့ ဝမ်းသာ ဂုဏ်ယူပါကြောင်း၊
သုတေသနစာတမ်းရှင်များသည် သုတေသနတွေ့ရှိချက်များကို ညီလာခံသို့ စာတမ်း တင်သွင်းရုံမျှမကပဲ ပြည်တွင်းပြည်ပသုတေသနဂျာနယ်များတွင် ဖော်ပြနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ကြရန်တိုက်တွန်းကြောင်းနှင့်
နိဂုံးချုပ်အနေဖြင့် နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရေးကဏ္ဍခိုင်မာ တိုးတက်လာစေရေးအတွက် ဆေးသုတေသနပညာရှင်များက ယခုထက် ပိုမိုကြိုးပမ်း လုပ်ဆောင်ကြရန် တိုက်တွန်းပါကြောင်းနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှု သည် နိုင်ငံတော်၏ဘက်စုံဖွံဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်အချိုးကျဆက်စပ်နေခြင်းကြောင့် သုတေသနပိုမိုဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုးသွားမည် ဖြစ်ကြောင်း ပြောကြားသွားပါသည်။
ဆက်လက်၍ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ အေးအေးခင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက် လာသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပါသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဆေးသုတေသနပညာရှင်များ၊ စာတမ်းဖတ်ကြားမည့်အဓိကသုတေသီများနှင့် ပြည်ပပညာရှင် များသည် သုတေသနပိုစတာပြပွဲကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
ယခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ နှီးနွယ်ဝန်ကြီး ဌာနများရှိ သုတေသီပညာရှင်များ၏ သုတေသနစာတမ်းပေါင်း ( ၅၄ )စောင်၊ နှင့် သုတေသနပိုစတာ (၄၃)စောင်၊ စုစုပေါင်း စာတမ်း(၉၇)စောင်တို့ကို တင်သွင်းဖတ်ကြား ပြသ ကြမည်ဖြစ်ပါသည်။ ယင်းတင်သွင်းမည့်စာတမ်းများတွင် ကင်ဆာရောဂါ၊ ဆီးချိုရောဂါ၊ တီဘီရောဂါ၊ အစားအသောက်ဘေးကင်းရေး၊ တိုင်းရင်းဆေး၊ သွားကျန်းမာရေး၊ ဆေးပညာ သင်ကြားရေး၊ ကျန်းမာရေးစနစ်ဆိုင်ရာ သုတေသနများ ဆိုင်ရာသုတေသနများနှင့် ပတ်သက် သောသုတေသနစာတမ်းများပါဝင်မည်ဖြစ်ပါသည်။
ညီလာခံသို့ တင်သွင်းလာသည့်စာတမ်းများမှ အကောင်းဆုံးအခြေခံ သုတေသန (Basic Research) စာတမ်းဆုများ၊ အကောင်းဆုံးလက်တွေ့အသုံးချသုတေသန (Applied Research) စာတမ်းဆုများ၊ အကောင်းဆုံးကျန်းမာရေးစနစ်သုတေသန (Health Systems Research) စာတမ်းဆုများ၊ အကောင်းဆုံးပိုစတာစာတမ်းဆုများနှင့် လူငယ်သုတေသီဆု များကို စာတမ်းဆုရွေးချယ်ရေးဆပ်ကော်မတီကစိစစ်ရွေးချယ်၍ ဆုများချီမြှင့်သွားရန် စီစဉ်ထားပါသည်။
(၅၃) ကြိမ်မြောက်မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံအကြိုလှုပ်ရှားမှု အနေဖြင့် ညွှန်ကြားရေးမှူးချုပ်၊ ဆေးသုတေသနဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဆေးသုတေ သနဦးစီးဌာနမှ သုတေသီများ၊ မြန်မာနိုင်ငံအမျိုးသား တီဘီတိုက်ဖျက်ရေး စီမံကိန်းမှ ပညာရှင်များက ကိုရီးယားသမ္မတနိုင်ငံမှ လာရောက်သော ပညာရှင်များ ဖြစ်သော Dr. Jong Seok Lee, Senior Scientist, International Tuberculosis Research Center ၊ Prof. Jaehun Cheong, Professor/Head, Pusan National University ၊ Prof. Eun Taek Han, Professor/Head, Pusan National University တို့နှင့်ပူးပေါင်း ၍ (၁၆.၁.၂၀၂၅) နှင့်(၁၇.၁.၂၀၂၅) ရက်နေ့များတွင် အဆင့်မြင့်မော်လီကျူးသုတေသနဌာန၊ ဆေးသုတေသန ဦးစီးဌာန၌ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ မြန်မာနိုင်ငံ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာန (Myanmar CDC) နှင့် အမျိုးသားမှီငြမ်းပြု တီဘီဓာတ်ခွဲ ကျွမ်းကျင်များ စုစုပေါင်း (၁၅)ဦးအား တီဘီဆေးသစ်များ၏ ဆေးယဉ်ပါးမှုနှင့် ဆေးယဉ်ပါး တီဘီမျိုးဗီဇဓာတ်ခွဲစမ်းသပ်မှု နည်းပညာဆိုင်ရာ စာတွေ့လက်တွေ့လုပ်ဆောင်မှုများကို သင်ကြားပြသပေးကြပါသည်။