၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၄ ရက် မွန်းလွဲ ၂:၃၀ နာရီတွင် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် USD 198,800 တန်ဖိုးရှိ STANDARD TM Q COVID-19 Ag Test Kit များ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပရာ UNFPA မှ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Ramanathan Balakrishnan နှင့် တာဝန်ရှိသူ များ၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာ လှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန် ကြားရေးမှူးများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ UNFPA မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Ramanathan Balakrishnan က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကိုယ်စား ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာ လှိုင်မြတ်သူက ကျေးဇူးတင် ဂုဏ်ပြုအမှာစကား ပြန်လည်ပြောကြားပါသည်။ ဆက် လက်၍ Mr. Ramanathan Balakrishnan က ဆေးသုတေသနဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံ USD 198,800 တန်ဖိုးရှိ STANDARD TM Q COVID-19 Ag Test Kit (40,000) ကို ပေးအပ်လှူဒါန်းရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပါသည်။ ထို့နောက် အမှတ်တရဓာတ်ပုံ စုပေါင်း ရိုက်ကူးကြပြီး Media များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည် ဖြေ ကြားကြပါသည်၊၊
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း ဦးဆောင်သည့် နည်းပညာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံဆိုင် ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်အတူ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရရှိရေးအတွက် အိန္ဒိယအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ရှေးဦးစွာ အိန္ဒိယဆေးသုတေသနကောင်စီ (ICMR) ခေတ္တညွှန်ကြားရေးမှူးချုပ် Dr. Samiran Panda နှင့် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ကျန်းမာရေး သုတေသနဌာန၊ Joint Secretary Ms. Anu Nagar တို့အားလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန၊ ဇီဝနည်းပညာဌာန၊ Secretary Dr. Renu Swarup၊ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန၊ Additional Secretary (International Organization) H.E. Shri Vinay Kumar၊ Joint Secretary (Bangladesh-Myanmar Division) H.E. Smt. Smita Pant၊ National Institution for Transforming India (NITI Ayog) အဖွဲ့ဝင် Professor Dr. V.K. Paul နှင့် အိန္ဒိယဆေးဝါးထိန်းချုပ်မှုဗဟို (DCGI) Drugs Controller General Dr. V. G. Somani တို့ထံ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
အိန္ဒိယအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ၌ ၂၀၂၁ ခုနှစ် အစောပိုင်းတွင် အိန္ဒိယအစိုးရထံမှ နှစ်နိုင်ငံအစိုးရအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရရှိ နိုင်မှုနှင့် အိန္ဒိယဆေးကုမ္ပဏီ Serum Institute မှ ဆေးဝယ်ယူနိုင်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ သံအမတ်ကြီး၏ နေအိမ်၊ မြန်မာဂေဟာရှိ အစည်းအဝေးခန်းမတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့နှင့် Serum Institute တို့အကြား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူရေး နားလည်မှုစာချွန်လွှာအား Virtual ဖြင့် လဲလှယ်၍ လက်မှတ်ရေးထိုးခဲ့ ပါသည်။ အဆိုပါ နားလည်မှုစာချွန်လွှာတွင် မြန်မာသံရုံးမှ သံမှူးကြီး ဦးအောင်အောင်မျိုးသိမ်းမှ သက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၁) ရက် နေ့လယ် ၁၂:၀၀ နာရီတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ တွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ်အစိုးရက ယွမ် သိန်းနှစ်ဆယ်တန်ဖိုးရှိ COVID–19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများ ပေး အပ်လှူဒါန်းသည့် အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပါသည်။ ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အမှာစကား ပြောကြားပါသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်းက နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်စွာဖြင့် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ပံ့ပိုးကူညီ လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ်အစိုးရက ယွမ်သိန်းနှစ်ဆယ် တန်ဖိုးရှိ COVID–19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းထံသို့ လွှဲပြောင်းပေးအပ်ပြီး ညွှန်ကြားရေးမှူးချုပ်က ဒုတိယဝန်ကြီးကိုယ်စား လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်း လွှာကို ပြန်လည်ပေးအပ်ပါသည်။
အခမ်းအနား အပြီးတွင် Media များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပါသည်၊၊