“ရိုတာဗိုင်းရပ်ဆိုင်ရာ မော်လီကျူးနည်းပညာလက်တွေ့သင်တန်း” (Training for molecular detection of Rota- viruses) (၃) ရက်တာ လက်တွေ့သင်တန်း ဖွင့်ပွဲအခမ်းအနားကို (၂၀၂၅)ခုနှစ်၊ မေလ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန၊ အဆင့်မြင့်မော်လီကျူး သုတေသနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအေးအေးခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) Country Office မှ Team Leader (Immunization and Vaccine Preventable Diseases Surveillance) ဖြစ်သူ Dr. Raveesha R Mugali က ကျေးဇူးတင် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ Wellcome Trust Research Laboratory, Christian Medical College, Vellore, India မှ Assistant Professor Dr. Tintu Varghese က Overview of Global Rotavirus Surveillance Network and Lab testing အကြောင်းကို တင်ပြခဲ့ပါသည်။ ထို့နောက် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တက်ရောက်လာကြသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Immunization and vaccine Preventable Diseases Surveillance ဌာနခွဲမှ တာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းသား/ သင်တန်းသူများက စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Immunization and vaccine Preventable Diseases Surveillance မှ တာဝန်ရှိသူများက အဆင့်မြင့်မော်လီကျူးနည်းပညာသုတေသနဌာနနှင့် ဗိုင်းရပ်ဗေဒသုတေသန ဌာနခွဲတို့၏ ဓာတ်ခွဲခန်းများကို လေ့လာကြည့်ရှုခဲ့ကြပါသည်။
ဆေးသုတေသနဦးစီးဌာနတွင် “Training for molecular detection of Rota- viruses” သင်တန်းကို ၁၂-၅-၂၀၂၅ မှ ၁၄-၅.-၂၀၂၅ နေ့အထိ (၃) ရက်တာ ပြုလုပ်ခဲ့ပြီး၊ Wellcome Trust Research Laboratory, Christian Medical College, Vellore, India မှ Associate Professor Dr. Tintu Varghese နှင့် Mrs. Priya Hemavathy Ruben တို့က သင်တန်းသား(၈)ဦးကို Extraction of viral RNA from stool samples, cDNA Synthesis of rotavirus genes, updated hemi-nested PCR method for genotyping of rotavirus နှင့် interpretation of molecular results နည်းလမ်းများကို စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ပါသည်။
၁၄-၅ -၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင်ညွှန်ကြားရေးမှူးချုပ်က Associate Professor Dr. Tintu Varghese နှင့် Mrs. Priya Hemavathy Ruben တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းသားများအား သင်တန်းတက်ရောက်ပြီးစီးကြောင်းလက်မှတ်များကို တစ်ဦးချင်းစီအား ပေးအပ်ခဲ့ပြီး စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ပါသည်။