၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) နှင့် (ပြင်ဦးလွင် ရုံးခွဲ) ၌ အသုံးပြုရန် ဝယ်ယူမည့် ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာ များနှင့် ရုံးသုံးပရိဘောဂပစ္စည်းများ၏ တင်ဒါအောင်စာရင်းကို ၁၃-၃-၂၀၂၀ ရက်နေ့တွင် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ထုတ်ပြန်ကြေညာပါသည်။
အဆိုပါအောင်စာရင်းတွင် ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများ (Laboratory Equipment) (၃၆) ခု၊ ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများ (Laboratory Non-Control Items) (၈၅၆) ခု၊ ရုံးသုံးစက်ကိရိယာများ (Office Non-Control Items- Electrical Apparatus) (၅၇) ခု၊ ရုံးသုံးစက်ကိရိယာပစ္စည်းများ (Office Machinery & Equipment) (၇) ခု၊ ရုံးသုံးစက်ပစ္စည်း များ (Office Equipment) (၁၂) ခုနှင့် ရုံးသုံးပရိဘောဂပစ္စည်းများ (Office Furniture) (၃၁) ခုတို့ ပါဝင်ကြောင်း သိရှိရပါသည်။
တင်ဒါအောင်မြင်သော ကုမ္ပဏီများသည် ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) သို့ အမြန် ဆက်သွယ်ဆောင်ရွက်ရန်နှင့် တင်ဒါမအောင်မြင်သော ကုမ္ပဏီများသည် တင်ဒါစပေါ်ငွေများ ပြန်လည်ထုတ်ယူနိုင်ရေးအတွက် ဆေးသုတေသနဦးစီးဌာနသို့ ပြန်လည်တင်ပြ လျှောက်ထား ရန် အကြောင်းကြားထားကြောင်း သိရှိရပါသည်။